ရန်ကုန်၌ တယ်လီနောက ဒေတာစင်တာ ပြီးစီး

ရန်ကုန်၌ တယ်လီနောက ဒေတာစင်တာ ပြီးစီး

ဆက်သွယ်ရေးလိုင်စင်ရရှိထားသည့် တယ်လီနော မြန်မာသည် ရန်ကုန်မြို့မှ ၂၂ ကီလိုမီတာ
အကွာ တွင် Data Center တည်ဆောက်ထားပြီးဖြစ် ကြောင်း တယ်လီနောမြန်မာ၏ အမှုဆောင်
အရာရှိချုပ် Mr. Petter Furberg က ပြောသည်။

"ကျွန်တော့်အနေနဲ့ တယ်လီနောကို ပုဂ္ဂိုလ်ရေးအရပြောမယ်ဆိုရင် တော်တော်လေးကို အံ့ဩမိ
ပါတယ်။ အချိန်တိုသုံးလအတွင်းမှာပဲ အခုလိုအနေအထားမျိုးရောက်အောင် ပြင်ဆင် ခဲ့တဲ့အတွက်
အံ့အားသင့်မိပါတယ်" ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်
စုဝန်ကြီး ဦးမြတ်ဟိန်း က ပြောကြားသည်။

တယ်လီနောသည် လုပ်ကိုင်ခွင့်လိုင်စင်ရရှိပြီး ရှစ်လအကြာတွင် ရောင်းချမည့် မိုဘိုင်း ဖုန်းများ
အတွက် ကောင်းမွန်သော မိုဘိုင်း ကွန်ရက်ရရှိစေရန် ဆောင်ရွက်မည်ဖြစ်ပြီး Data Center ကို
ရန်ကုန်တွင်တစ်ခုနှင့် မန္တလေး တွင်တစ်ခု စုစုပေါင်းနှစ်ခုထားရှိမည်ဖြစ်သည်။

"မန္တလေးမှာလည်း အခု Data Center စတင်တည်ဆောက်နေပြီ။ တစ်လအတွင်းမှာ ပြီးစီးမယ်
လို့ မျှော်လင့်ထားပါတယ်။ ဒီ Data Center က အကြီးဆုံး Data Center ပါ။ တယ်လီနော
အနေနဲ့ တခြားနိုင်ငံတွေမှာလုပ်တဲ့အခါ မှာ ပုံမှန်ဆိုရင် Data Center သွားဆောက် တယ်။
ဆွစ်လေးတစ်ခုထည့်လိုက်တယ်။ အခု ဒီဟာကျတော့ ကျွန်တော်တို့အနေနဲ့ ပထမဦးဆုံး
တီထွင်မှုလုပ်တဲ့အတွက် အကြီးဆုံးနဲ့ အမြန်ဆုံး Data Center လို့ ပြောနိုင်တာပါ" ဟု
တယ်လီနော မြန်မာ၏ Chief Technical Officer Prathet Tankuranun က ပြောသည်။

ယခု ရန်ကုန်မြို ့ရှိ Data Center နှင့် ကွန်ရက်ဆက်စပ်ပစ္စည်းများကို ဆက်သွယ်ရေးလိုင်စင်
ရရှိပြီး နှစ်လအကြာတွင် တည်ဆောက်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ အချိန်မြန်ဆန်
စေရန် ဆက်သွယ်ရေးနှင့် သိုလှောင်မှုစနစ်များပါ၀င်သော Data Center များကို ကွန်တိန်နာများ
အသွင်သို့ ပြောင်းလဲ ထားသော နည်းပညာကို အသုံးပြုထားသည်။

"ဒီနှစ်အတွင်းမှာတော့ ဆက်သွယ်ရေးစခန်းအရေအတွက် ၂၄,၀၀၀ အထိတည်ဆောက်ဖို့
မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ အားလုံးသိတဲ့ အတိုင်း ဒါဟာအကြီးမားဆုံးသောစိန်ခေါ်မှု
တစ်ရပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ နေရာရှာ ရမယ်။ ပါမစ်တွေရအောင် လုပ်ရဦးမယ်။ ပါမစ်
ရတာတောင်မှ ဒါကိုတည်ဆောက်ရဦး မယ်။ ဒါကြောင့် ဒါဟာ ကျွန်တော်တို့အတွက် စိန်ခေါ်
မှုကြီးတစ်ခုပါ" ဟု Prathet Tankuranun က ပြောသည်။

တယ်လီနော၏ တစ်နိုင်ငံလုံးကွန်ရက် ဖြန့်ကြက်မှုကို ထောက်ပံ့ပေးမည့် core network
တည်ဆောက်ပေးသူမှာ တယ်လီနော်မြန်မာ အတွက် ကွန်ရက်ဆက်စပ်ပစ္စည်းများဝန်ဆောင်
မှုပေးသည့် ကုမ္ပဏီများထဲမှတစ်ခုဖြစ်သည့် ဟွာဝေးဖြစ်ပြီး အခြားထောက်ပံ့သူများမှာ Ericsson
နှင့် Wipro တို ့ဖြစ်သည်။

ဆက်သွယ်ရေးတာဝါများကို တည်ဆောက် စီမံခန့်ခွဲသူ များမှာ Apollo Towers နှင့် Irrawaddy
Green Technology (IGT) တို့ ့ဖြစ်သည်။ လက်ရှိတွင် တာဝါတိုင်များကို ရန်ကုန်၌ တစ်ခု၊
မန္တလေး၌တစ်ခု စုစုပေါင်း နှစ်ခုသာ တည်ဆောက်ရသေးသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်