ရေစိုခံအိတ်များ ရောင်းချမှု တွင်ကျယ်

ရေစိုခံအိတ်များ ရောင်းချမှု တွင်ကျယ်

မိုဘိုင်းဖုန်းပိုင်ဆိုင်မှု ပိုမိုများပြားလာမှုနှင့်အတူ ဟန်းဆက်များ သင်္ကြန်တွင်းကာလတွင်
ရေစိုပျက်စီးမှုမှ ကာကွယ်နိုင်မည့် ရေစိုခံအိတ်များ လည်းရောင်းချမှု တွင်ကျယ်လာသည်ကို
တွေ့ရ သည်။

"ကျွန်တော်တို့ဆိုင်မှာတော့ ဒီရေစိုခံအိတ် တွေ ရောင်းအားနည်းတယ်။ ဘာဖြစ်လို့လဲဆို တော့
ဒီရေစိုခံအိတ်တွေက နေရာတိုင်းမှာ ရောင်းနေကြတဲ့အတွက် ၀ယ်တဲ့သူတွေက ကြံုတဲ့နေရာမှာ
၀ယ်တာများနေတယ်။ ဆိုင်တွေမှာ အချိန်ပေးပြီးလာမဝယ်ကြဘူး" ဟု Mr. Fone Telecom
Centerမှ အထွေထွေ မန်နေဂျာဦးထက်လင်းကျော်က ပြောသည်။

ရေစိုခံအိတ်များအား မိုဘိုင်းဖုန်းဆိုင်များ တွင်သာမက လမ်းဘေးကွမ်းယာဆိုင်များတွင် ပါ
ရောင်းချနေကြသည်ကို တွေ့ရသည်။ "သင်္ကြန်တွင်း ကျွန်တော်တို့ဖုန်းတွေ ရေမဝင် ဖို့က ရေစိုခံအိတ်ကအရမ်းအသုံးဝင်တယ်။ နောက်ပြီးအဲဒီအိတ်တွေကိုလည်း အရမ်းရှာဝယ်
စရာမလိုဘူး။ သင်္ကြန်နား နီးလာလေလေရေစိုခံ အိတ်တွေကလည်း ပေါ်လာလေလေပဲ" ဟု
စမ်းချောင်းမြို့နယ်မှ ကိုကျော်မျိုးက ပြော သည်။

"လက်ရှိ ရေစိုခံအိတ်တွေ ရောင်းအားက တော့ အရမ်းစောနေသေးတော့ ရောင်းအားက
သိတ်မသွက်သေးဘူး။ သင်္ကြန်နီးရင်တော့ ရောင်းအားကောင်းလာနိုင်ပါတယ်" ဟု KKA မိုဘိုင်း
ဆိုင်မှ မပပက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်