ဆမ်ဆောင်းဟာ ဧပြီလ၂ ရက်နေ့မှာ သူ့ရဲ့ ထုတ်ကုန်ပစ္စည်းကို ဈေးကွက်တွင်း လျင်လျင်
မြန်မြန်ပျံ့နှံ့စေတဲ့နည်းအသုံးပြုပြီး ကြော်ငြာခဲ့ ပါတယ်။ အဲဒါကတော့ ဘော်စတွန်ရက်ဒ်ဆော့က်စ်
(Boston Red Sox) ဘေ့စ်ဘောအသင်းက နာမည်ကြီးကစားသမားတစ်ဦးက သမ္မတရုံး
အိမ်ဖြူတော်မှာ ဘာရက်အိုဘားမားနဲ့အတူ ကိုယ်တိုင်ဓာတ်ပုံရိုက်ဖို့ ဆမ်ဆောင်း စမတ်ဖုန်းကို
အသုံးပြုခဲ့ပြီးတဲ့နောက်မှာ ဖြစ်ခဲ့ တာပါ။
ဧပြီလ ၁ ရက်နေ့မှာ အိုဘားမား World Series ချန်ပီယံတွေကို အိမ်ဖြူတော်မှာ ဧည့်ခံခဲ့ရာမှာ
ဘေ့စ်ဘောခံစစ်ကစားသမား နဲ့ designated hitter ဖြစ်တဲ့ ဒေးဗစ်အောတစ်ဇ် (David Ortiz)
က သမ္မတနဲ့အတူ ကိုယ်တိုင် ဓာတ်ပုံရိုက်ပြီး အဲဒီပုံကို တွစ်တာမှာ တင်ခဲ့ပါ တယ်။
ပြီးခဲ့တဲ့လကအော်စကာပွဲမှာလည်း အခမ်းအနားမှူး Ellen DeGeneres ဟာ သူ့ရဲ့ ဆမ်ဆောင်းဂလက်စီဟန်းဆက်ကိုအသုံးပြုပြီး ပြံုးရွှင်နေတဲ့ ဟောလိ၀ုဒ်ထိပ်တန်းသရုပ်ဆောင်
တစ်စုနဲ့အတူ ကိုယ်တိုင်ဓာတ်ပုံရိုက်ကာ တွစ်တာမှာ တင်ခဲ့တာကြောင့် အလားတူ လူအများကြား
ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့တဲ့ ဆမ်ဆောင်းဟာ အိုဘားမားနဲ့ ဘေ့စ်ဘောကစားသမားရဲ့ပုံကို
ချက်ချင်း retweet လုပ်ခဲ့ ပါတယ်။
"ဒေးဗစ် အိမ်ဖြူတော်ကို သွားရမယ်ဆိုတာ ကို သတင်းကြားပြီးတဲ့နောက်မှာ ဒေးဗစ်နဲ့ သူ့ရဲ့
အသင်းက ပရိသတ်တွေဆီ သူတို့ရဲ့ပုံတွေကို လူမှုရေးကွန်ရက်ကနေ ျ့မေန ပေးခဲ့ပုံကို ကျွန်တော်
တို့ အသုံးချခဲ့ပါတယ်" လို့ ဆမ်ဆောင်း က သတင်းထုတ်ပြန်ထားတယ်လို့ ဘော်စတွန် ဂလုပ်
(Boston Globe) သတင်းစာမှာ ဖော်ပြ ထားပါတယ်။
"ဒေးဗစ်ဟာ သူ့ရဲ့ Note 3 နဲ့ ဓာတ်ပုံ တွေ ရိုက်မရိုက်ဆိုတာနဲ့ ဘယ်လိုပုံမျိုးတွေ ရိုက်ဖြစ်မလဲ
ဆိုတာတွေကို ကျွန်တော်တို့ မသိပါဘူး" လို့ ဆမ်ဆောင်းက ပြောပါတယ်။ ဒါပေမဲ့
"ဒီလိုပျော်စရာကောင်းပြီး စိတ်လှုပ်ရှား ဖို့ကောင်းတဲ့ မယုံကြည်နိုင်စရာ အခိုက်အတန့် လေးကို
သူ မှတ်တမ်းတင်ဓာတ်ပုံရိုက်နိုင်အောင် ကျွန်တော်တို့က ကူညီပေးနိုင်ခဲ့တဲ့အတွက် ဒါက
ဂုဏ်ယူစရာတစ်ရပ်ပါပဲ" လို့ လည်း ဆမ်ဆောင်းက ပြောပါတယ်။
အားကစားနဲ့ စီးပွားရေးဂျာနယ်တစ်စောင် မှာတော့ ပြီးခဲ့တဲ့နှစ် World Series ပွဲမှာ အကောင်းဆုံး
အားကစားသမားဆုကို ဆွတ်ခူး ရရှိထားတဲ့ အောတစ်ဇ်ဟာ ဆမ်ဆောင်းကို ကြော်ငြာပေးဖို့
စာချုပ် ချုပ်ဆိုထားပါတယ်။ Ellen DeGeneres ဟာ အကယ်ဒမီပေး ပွဲညမှာ တခြားစမတ်ဖုန်းနဲ့
ရိုက်ထားတဲ့ ပုံ တွေလည်း တွစ်တာမှာ တင်ထားခဲ့ပေမယ့် သူ့ရဲ့ကိုယ်တိုင်ရိုက်အုပ်စုလိုက်ပုံဟာ
တွစ်တာမှာ ချက်ချင်း မနအတနနအ အများဆုံးရခဲ့ပါတယ်။ ဒေးဗစ်နဲ့ အိုဘားမားရဲ့ပုံနဲ့ ပတ်သက်
ပြီး သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဂျင်ကာနေး က "စီးပွားရေးအတွက်ရည်ရွယ်ပြီး သမ္မတကို အသုံးချဖို့
ကြိုးပမ်းတာမျိုးကိုတော့ အိမ်ဖြူ တော်က ကန့်ကွက်ပါတယ်" လို့ ပြောကြားထား ပါတယ်။
(အေအက်ဖ်ပီ)

















