ရတနာဆိုင်မှ ခိုးယူသွားသည့် နိုင်ငံခြားသားနှစ်ဦးကို လေဆိပ်တွင်ဖမ်းဆီး

ရတနာဆိုင်မှ ခိုးယူသွားသည့် နိုင်ငံခြားသားနှစ်ဦးကို လေဆိပ်တွင်ဖမ်းဆီး

ရတနာဆိုင်တစ်ဆိုင်မှ စိန်ထည်ပစ္စည်းများကို ၀ယ်ယူဟန်ပြကာ ခိုးယူခဲ့သည်ဆိုသည့်
ပါကစ္စတန်နိုင်ငံသားနှစ်ဦးကို သက်ဆိုင်ရာက လေဆိပ်တွင် ဧပြီလ ၁၀ ရက်နေ့၌ ဖမ်းဆီး
ခဲ့သည်။

ဧပြီလ ၉ ရက်နေ့ နံနက် ၉ နာရီ ၁၅ အချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊(၇)ရပ်ကွက်၊ ပြည်လမ်းနှင့်
ကျွန်တောလမ်းကြား Junction Square စင်တာရှိ Rose Mary စိန်ရွှေရတနာဆိုင်၌
နိုင်ငံခြားသားဟုယူဆသူ နှစ်ဦးက စိန်ထည်ပစ္စည်းများ ကြည့်ရှုကာ မဝယ်ဘဲထွက်သွားစဉ်
အသဲပုံစိန်လော့ကတ်တစ်ခု၊ ကာလတန်ဘိုးငွေကျပ် ၁၁,၈၀၀,၀၀၀ နှင့် မိုးစက်ပုံစိန်လော့ကတ်
တစ်ခု၊ ကာလတန်ဘိုးငွေကျပ် ၉,၆၃၀,၀၀၀ ခန့်ပျောက်ဆုံးသွားသဖြင့် ကမာရွတ်မြို့မရဲစခန်း(ပ)
၁၄၉/၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ အရ အမှုဖွင့်အရေးယူထားသည်။ အမှုမှပြစ်မှုကျူးလွန်သူများအား
ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ (၂)ဦး၏ဓါတ်ပုံများကို ရှာဖွေ
ရရှိခဲ့သဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပူးပေါင်းအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး၊ လုံခြံုရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် အထူးမှုခင်းနှိမ်နင်းရေး
ဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက လေဆိပ်တွင်စောင့်ဆိုင်း၍
စိစစ်ရှာဖွေခဲ့ရာ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ အချိန်ခန့်တွင် ထိုင်းလေကြောင်းခရီးစဉ် ွွှ-၃၀၄၊
လေယာဉ်အမှတ် HS-TEK  လေယာဉ်အမျိုးအစား ဗ -၃၃၀ ဖြင့် လိုက်ပါမည့်ခရီးသည်များအနက်
၎င်းတို့(၂)ဦးကိုတွေ့ရှိခဲ့သဖြင့် စစ်ဆေးရှာဖွေခဲ့သည်။

၎င်းတို့မှာ ပါကစ္စတန်နိုင်ငံသားများဖြစ်ကြသည့် Mr.Ali Asif  နှင့် Mr. Hussain Baqir တို့ဖြစ်
ကြောင်း သိရှိရပြီး ၎င်းတို့၏ခရီးဆောင်အိတ်အတွင်းမှ အမှုမှခိုးယူခံရသည့် အသဲပုံစိန်လော့
ကတ်တစ်ခုနှင့် မိုးစက်ပုံစိန်လော့ကတ်တစ်ခုတို့ကို ရှာဖွေတွေ့ရှိသိမ်းဆည်းခဲ့သည်။ အဆိုပါ
ပါကစ္စတန်နိုင်ငံသားများဖြစ်ကြသည့် Mr.Ali Asif  နှင့် Mr. Hussain Baqir တို့(၂)ဦးကို အမှုဖြင့်
စစ်ဆေးလျက်ရှိသည်။