တာမွေ၌ အုပ်စုဖွဲ့ လုယက်

တာမွေ၌ အုပ်စုဖွဲ့ လုယက်

ဧပြီလ ၂၀ ရက်နေ့ ည ၁၂ နာရီခန့်တွင် ကြည့်မြင်တိုင်မြို့နယ်နေ ဦးလွင်မောင်ဌေး မောင်းနှင်လာ
သည့် ဟိုင်းလတ် အငှားယာဉ်အား တာမွေမြို့နယ် အထက(၁) ကျောင်းရှေ့အရောက်
အမျိုးသားတစ်ဦးက တားကာ တာမွေအဝိုင်းထိပ်သို့ ပိုပေးရန် အကူညီတောင်းခဲ့သည်။

ဦးထွန်းမြတ်လမ်းအရောက် အဆိုပါအမျိုးသားက အပေါ့သွားလိုကြောင်း ပြောသဖြင့် ကားကို
ရပ်ပေးခဲ့စဉ် မိန်းမလျာတစ်ဦးနှင့် အမျိုးသားနှစ်ဦးတို့ ရောက်လာပြီး မိန်မလျာက ကားသော့ကို
ဖြုတ်နေစဉ် အပေ့ါသွားနေသည့် အမျိုးသားနှင့် မိန်းမလျာတို့တစ်ဦး ရုန်းကန်တွန်းထိုးနေစဉ်
၀င်ရောက် ဖျန်ဖြေခဲ့သည်ဟုဆိုသည်။

မိန်းမလျာနှင့် ပါလာသူနှစ်ဦးက ၀ုိင်းဝန်းဆွဲသဖြင့် ပြန်လည် ရုန်းကန်ခဲ့ပြီးနောက် ၎င်းတို့မှာ အနီးရှိ
ရပ်ထားသည့် ကားပေါ်သို့ တက်ပြေးသွားခဲ့သည်။

ထိုစဉ် ဦးလွင်မောင်ဌေးက ကားပေါ်ရှိ ပစ္စည်းများနှင့် ခန္ဓာကိုယ်ကိုပြန် စစ်ဆေးခဲ့ရာ အိပ်ကပ်
အတွင်းမှ ကျပ် ၃၀,၀၀၀၊ ရွှေဆွဲကြိုး တစ်ကုံး၊ လက်စွပ် တစ်ကွင်း၊ လက်ကိုင်ဖုန်းတစ်လုံး၊
စုစုပေါင်းကျပ် ၈၇၀,၀၀၀ ဖိုးခန့် ပျောက်ဆုံးနေသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။