ဆွဲကြိုး လုယက်သူအား ၀ိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့

ဆွဲကြိုး လုယက်သူအား ၀ိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့

ဗဟန်းမြို့နယ်၌ ဧပြီလ ၂၁ ရက် နေ့က လမ်းလျှောက်လာသူ အမျိုးသမီး ၀တ်ဆင်ထားသည့်
ကျပ်လေးသိန်းတန် ရွှေဆွဲကြိုးလုယူသူကို ၀ုိင်းဝန်း ဖမ်းဆီး မိခဲ့သည်။

အဆိုပါနေ့ နံနက် ၉ နာရီ ၂၀ ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်နေ မမျိုးသန္တာထွန်းသည် ၎င်းအလုပ်
လုပ်ကိုင်ရာ ဗဟန်းမြို့နယ်ရှိ ကုမ္ပဏီသို့ သွားရန်အတွက် လိုင်းကားဖြင့် လိုက်ပါလာခဲ့ရာ
ဗဟန်းမြို့နယ်၊ ဈေးကွေ့မှတ်တိုင် အရောက် ကားပေါ်မှ ဆင်းခဲ့သည် ရန်ကင်းစင်တာဘက်ခြမ်းသို့
သွားရန် ဆရာစံလမ်းကို ဖြတ်ကူးစဉ် လမ်းလယ်အရောက် အမျိုးသားတစ်ဦး ကပ်လိုက်လာပြီး
လည်ပင်းတွင် ဆွဲထားသော အလေးချိန် သုံးမတ်သားခန့်ရှိ ကျပ် လေးသိန်းခန့်တန် ဆွဲသီးပါ
ရွှေဆွဲကြိုးကို နောက်မှ ဆွဲဖြတ်ယူကာ ထွက်ပြေးသွားသဖြင့် ပတ်ဝန်းကျင်သို့ အော်ဟစ်
အကူအညီတောင်းခံခဲ့ရာ ဗဟန်းမြို့မ ရဲစခန်းက လှည့်ကင်းတပ်ဖွဲ့ဝင်များနှင့် အနီးရှိ ပြည်သူများက
၀ိုင်းဝန်း ဖမ်းဆီးခဲ့သည်။