အခြားအမျိုးသမီးတစ်ဦးနှင့်အိပ်နေသည့်ခင်ပွန်းကို ဇနီးက ကတ်ကြေးဖြင့်ထိုး

အခြားအမျိုးသမီးတစ်ဦးနှင့်အိပ်နေသည့်ခင်ပွန်းကို ဇနီးက ကတ်ကြေးဖြင့်ထိုး

ဒဂုံမြောက်ပိုင်းမြို့နယ်တွင် ခင်ပွန်းဖြစ်သူကို အခြားအမျိုးသမီးတစ်ဦးနှင့် ၀ါးရုံတောအတွင်း တွေ့ရ
သောကြောင့် ဇနီးဖြစ်သူက ကတ်ကြေးဖြင့်ထိုးသဖြင့်သေဆုံးခဲ့မှု ဧပြီလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့
သည်။

အဆိုပါနေ့ နံနက် ၄ အချိန်ခန့်တွင် ဒဂုံမြောက်မြို့နယ်၊ (၄၈) ရပ်ကွက်၊အောင်တံခွန်လမ်း ရှိ ၀ါးရုံ
တောအတွင်း အသက်၂၀ နှစ် အရွယ်အမျိုးသားတစ်ဦးသည် ၎င်းနှင့် ချစ်ကြိုက်နေ သည့်
အသက်(၂၆ နှစ်)အရွယ်အမျိုးသမီးနှင့်အတူ အိပ်နေခဲ့သည်။

ထို ဖြစ်စဉ်ကို ၎င်း၏ အသက် ၂၃ နှစ်အရွယ်ဇနီးက တွေ့ရှိခဲ့သဖြင့် မကျေမနပ်ဖြစ်ပြီး ကတ်ကြေး
ဖြင့် ထိုးခဲ့၍ ၀ဲရင်အုံအထက်၌ ထိုးသွင်း ဒဏ်ရာ(၁)ချက် ရရှိကာ မြောက်ဥက္ကလာပဆေးရုံ၌
အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသခဲ့ရသည်။

ထိုအမှုကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းက (ပ)၂၀၁/၁၄၊ ပြစ်မှုပုဒ်မ- ၃၂၆ အရ အမှုဖွင့်
အရေးယူခဲ့သည်။ အမှုမှဒဏ်ရာရရှိသူမှာ မြောက်ဥက္ကလာပဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ်
နံနက် ၁၀ နာရီ ၅၀ အချိန်တွင် သေဆုံးသွားသဖြင့် အမှုကို ပြစ်မှုပုဒ်မ-၃၂၆ မှပြစ်မှုပုဒ်မ-၃၀၂
သို့ပြောင်းလဲဖွင့်လှစ် အရေးယူ ထားသည်။