အငှားယာဉ်တစ်စီး မီးလောင်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဧပြီလ ၂၂ ရက်နေ့က အငှားယာဉ်တစ်စီး မီးလောင်မှု
ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၇)ရပ်ကွက်၊
ပြည်ထောင်စုလမ်းမအတိုင်း ဒဂုံမြောက်မြို့နယ်ဘက်မှ ဒဂုံတက္ကသိုလ်ဘက်သို့ ယာဉ်မောင်း
ထွန်းထွန်းနိုင် မောင်းနှင်သော ယာဉ်အမှတ် SUCCEED အမျိုးအစား အငှားယာဉ်သည် မဝတ
လမ်းဆုံအရောက်၌ ယာဉ်၏ အင်ဂျင်ခန်းအတွင်း အပူလွန်ကဲရာမှ ၀ိုင်ယာရှော့ဖြစ်၍ မီးစတင်
လောင်ကျွမ်းခဲ့ပြီး ညနေ ၃ နာရီခွဲ တွင် မီးကို ငြိှမ်းသတ်နိုင်ခဲ့သည်။
















