အငှားယာဉ် ရေကန်ထဲကျ
ဧပြီလ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ စွယ်တော်စေတီ
ကန်ပေါင် မြေနီလမ်းအတိုင်း တောင်မှ မြောက်သို့ ရန်ကင်းမြို့နယ်နေ ယာဉ်မောင်း ကျော်မင်းလွင်
(၃၄ နှစ်)မောင်းနှင်လာသော Probox အငှားယာဉ်သည် ကန်ပေါင်လမ်း အလယ် အရောက်
အနောက်ဘက်သို့ 'ဂ' ကွေ့ ပြန်ကွေ့စဉ် အရှိန်လွန်ကာ စွယ်တော်မင်္ဂလာကန်ထဲသို့
ကျသွားခဲ့သည်။
ထိုသို့ ကျသွားချိန်တွင် ယာဉ်ပေါ်၌ ခရီးသည်များမပါရှိသည့်အပြင် ယာဉ်မောင်းတွင်လည်း
ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။
















