မွေးကင်းစကလေး စွန့်ပစ်ထား

မွေးကင်းစကလေး စွန့်ပစ်ထား

အင်းစိန်မြို့တွင် မြွေရေခွံအိတ်ဖြင့် ပတ်လျက် မွေးကင်းစ ကလေးငယ်တစ်ဦးအား ဧပြီလ ၂၈ ရက်
နေ့က တွေ့ရှိခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် အင်းစိန်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည်
ကွက်သစ်ရပ်ကွက် အမှိုက်ပုံတွင် မွေးကင်းစကလေးငယ် တစ်ဦး စွန့်ပစ်ထားကြောင်း သတင်းအရ
သွားရောက် စစ်ဆေးခဲ့သည်။

အဆိုပါကလေးငယ်မှာ ချမ်းမြေ့စည်ပင်ဝင်း အတွင်းရှိ အိမ်သာအနီးအမှိုက်ပုံတွင် မြွေရေခွံအိတ်ဖြင့်
ပတ်လျက် မွေးကင်းစယောကျင်္ားလေး တစ်ဦးဖြစ်ပြီး အသက်ရှင်လျက်တွေ့ရှိခဲ့သည်။

ကလေးငယ်ကို အင်းစိန်ကလေးဆေးရုံ အထူးကုသဆောင်သို့ ပို့အပ်ခဲ့သည်။