စပယ်ယာက ကျောင်းသူကို ခြေထောက်ဖြင့် ကန်သဖြင့် အမှုဖွင့်

စပယ်ယာက ကျောင်းသူကို ခြေထောက်ဖြင့် ကန်သဖြင့် အမှုဖွင့်

ကြည်မြင့်တိုင်မြို့နယ်တွင် ခရီးသည်တင်စပယ်ယာက ခရီးသည်ကို စိတ်အနှောက်အ ယှက်ဖြစ်
အောင်ပြုမူကာ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ဆိုကာ တိုင်ကြားခဲ့မှု မေလ ၄ ရက်နေ့က
ဖြစ်ပွားခဲ့သည်။

မွန်းလွဲ ၁၂ နာရီအချိန်ခန့်တွင် ကြည်မြင်တိုင်မြို့နယ်နေ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးသည်
သူငယ်ချင်ဖြစ်သူနှင့်အတူ အင်္ဂလိပ်စာသင်တန်းတက်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် မဆလာ
စက်မှတ်တိုင်မှ အမှတ် ၁၅၇ ခရီးသည် တင်ယာဉ် ကိုစီးနင်းခဲ့သည်။ ထိုသို့လိုင်းကားစီး ပြီးပြန်
လာစဉ် သီရိမင်္ဂလာဈေးဟောင်း အကျော်တွင် စပယ်ယာ လုပ်ကိုင်သူ အောင်ကိုကို (၂၆ နှစ်)
အား ဟုမ်းလမ်းထိပ်ပါတယ် ဟု ပြောဆိုခဲ့သည်ကို စပယ်ယာက မေးတာမဖြေဘူးကြိုပြောပေါ့
ဟုပြောဆိုခဲ့သည်။

ကားပေါ်မှဆင်းစဉ် စိတ်အနှောက်ယှက်ဖြစ်အောင်ပြောဆိုကာ ခြေထောက်ဖြင့် ကန်ခဲ့သောကြောင့်
မျက်မှန်ကွဲကာ မှန်ကွဲစူး၍ ၀ဲဘက်မျက်ခွံအောက်ဒဏ်ရာရရှိခဲ့သည်။ ကြည်မြင်တိုင်မြို့မရဲစခန်းက
(ပ)၂၈၀/၁၄ ပြစ်မှုပုဒ်မ ၃၅၄/၃၂၃ အရ အမှုဖွင့်အရေးယူထားသည်။