ယာဉ် သုံးစီးတိုက်၊ တစ်ဦး သေဆုံး

ယာဉ် သုံးစီးတိုက်၊ တစ်ဦး သေဆုံး

တောင်ဥက္ကလာပမြို့နယ်တွင် မေလ ၂ ရက် နေ့ ည ၁၁ နာရီခွဲ အချိန်ခန့်က တောင်ဥက္ကလာပ
မြို့နယ်၊ ရတနာလမ်းအတိုင်း အရှေ့မှ အနောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော
တိုရိုတာဟိုင်းလတ် ဘွန်ဂိုအဖြူရောင်ယာဉ်သည် ဝေဇယန္တာလမ်းနှင့် ရတနာ လမ်းဆုံမီးပွိုင့်
အရောက် မီးနီအားဖြတ်မောင်းစဉ် ဝေဇယန္တာလမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသော
နစ်ဆန်းဝက်ဂွန် အဖြူရောင်ယာဉ်ကို ၀င်ရောက်တိုက်မိခဲ့သည်။

အတိုက်ခံရသည့်အရှိန်ကြောင့် အရှေ့ ရှိ ဆူဇူကီးပစ်ကပ် အဖြူရောင်ယာဉ်ကို ဆက်လက်တိုက်မိ
ခဲ့သည်။

ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ လမ်းမတော်မြို့နယ်နေ ဒေါ်ရွှေအေးသည် ဦးခေါင်းပေါက်ပြဲ
ဒဏ်ရာများ ရရှိကာ သေဆုံးသွားသည်။