ကားကြိတ်မိသဖြင့် တစ်ဦးသေဆုံး
လသာမြို့နယ်၌ မေလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်က အနော်ရထာလမ်းအတိုင်း
ဆူးလေဘက်မှ လမ်းမတော်ဘက်သို့ ယာဉ်မောင်း စိုးထိုက်ဦး(ခ)မောင်ဝင်း မောင်းနှင်လာသော
ဖူဆိုအမျိုးအစား မထသ(၆၂)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် လသာမှတ်တိုင်အနီးအရောက်
ဘရိတ်ပေါက်ကာ ဖူဆိုအမျိုးအစား(၁၅၇)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်နှင့် ပရိုဘောက်
အငှားယာဉ် နှစ်စီးတို့ကို ၀င်ရောက်တိုက်မိခဲ့သည်။
ထို့နောက် လမ်းဘေးတွင် ရပ်နေသူ ဒေါ်ခင်သန်း၊ (၅၁ နှစ်)ကို ယာဉ်၏ ရှေ့ယာဘက်ဘီးဖြင့်
ဆက်လက်ကြိတ်မိခဲ့သဖြင့် ဒေါ်ခင်သန်းမှာ သေဆုံးသွားသည်။
















