ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် မြန်နှုန်းတိုင်းတာရေးစက် အလုံး ၂၀ တိုးချဲ့

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် မြန်နှုန်းတိုင်းတာရေးစက် အလုံး ၂၀ တိုးချဲ့

ရန်ကုန်မန္တလေးအမြန်လမ်းမကြီးတွင် မြန်နှုန်းတိုင်းတာရေးစက် အလုံး ၂၀ ကိုတပ်ဆင်သွားမည်
ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ မှသိရသည်။ အမြန်လမ်းမကြီးတွင် ပြီးခဲ့သည့်ဧပြီလအတွင်းက
ယာဉ်မီးလောင်မှုများ နှင့် ယာဉ်မတော်တစ်ဆမှုများဖြစ်ပွားခဲ့ပြီးသည့်နောက် ထိုဖြစ်စဉ်များကို
လျှော့ချနိုင်ရန် ရည်ရွယ်၍ မြန်နှုန်းတိုင်းတာရေးစက်များကို တပ်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ၏စစ်တမ်းကောက်ယူမှုများအရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တစ်နေ့လျင် ပျှမ်းမျှသေ
ဆုံးသူ ၁၇ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၀၄ ဦးရှိကြောင်း၊ဧပြီလတွင်းက ရန်ကုန်တိုင်းဒေသကြီးတွင်
ယာဉ်မတော်တဆမှု ၂၉၆ ကြိမ်ဖြစ်ပွားခဲ့ကာ ၅၀၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၅၆ ဦးသေဆုံးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးတွင်လည်း ယာဉ်တိုက်မှု ၂၄၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၄၃၉ ဦးရှိကာ
သေဆုံးသူ ရ၉ ဦးရရှိခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်လ သင်္ကြန်မတိုင်မီ ဧပြီလ ၁၂ ရက်နေ့ သန်း
ခေါင်းကျော် နံနက် ၂ နာရီ ၁၅ အချိန်ခန့်ကဖြစ်ပွားခဲ့သည့် ရန်ကုန် မန္တလေးအမြန်လမ်းမဖြူးမြို့နယ်
အနီး တွင် တောင်ကြီးမှ ရန်ကုန်သို့မောင်းနှင်လာသည့် တောင်ပြာတန်းမှန်လုံယာဉ်ခရီးသည်
နှင့်အိမ်စီးဆလွန်းကားတို့မီးလောင်ကျွမ်းခဲ့သည်။

မီးလောင်မှုကြောင့် လူ ၁၂ ဦးခန့် မီးလောင်သေဆုံးခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဧပြီလ
၂၂ ရက်နေ့ ည ရ နာရီခွဲအချိန်ခန့်တွင် ပဲခူးမြို့ ရန်ကုန်မန္တလေး ကားလမ်းမိုင်တိုင်အမှတ် ၂၈/၆-/၇
တွင်လည်း ပြည်ဖြိုးအောင် အမည်ရှိ ခရီးသည်တင်ယာဉ် ၀ါယာရှော့ ဖြစ်ပြီး မီးလောင် ကျွမ်း
ခဲ့သည်။

မီးလောင်မှုဖြစ်စဉ်တွင် ခရီးသည်များထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိခဲ့ သော် လည်း ကားတန်ဖိုးနှင့်ခရီး
သည်များ၏ပစ္စည်းကျပ်သိန်း ၄၀၀ ဖိုးခန့်ပျက်စီးဆုံးရှုံးခဲ့ ရသည်။ ယာဉ်မီးလောင်မှုများတွင် ၀ါယာ
ရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခြင်း၊ အင်ဂျင်အပူလွန်ကဲ ကာ မီးလောင်မှုဖြစ်ပွားခြင်းတို့မှာ အများ
ဆုံး တွေ့ရသည်။

အမြန်လမ်းမကြီးတစ်လျှောက် စည်းကမ်းမဲ့မောင်းနှင်မှုများကိုတိုင်းတာစစ်ဆေးနိုင်ရန် ယခင်က
အရှိန်တိုင်းတာစက် ၁၄ လုံးရှိခဲ့ရာက ယခုအခါ အလုံး ၂၀ ထပ်မံတိုးချဲ့ တပ်ဆင်ကာ တိုင်းတာမှု
များကိုပြုလုပ်သွားမည်ဖြစ်ကြောင်း၊အဆိုပါ စက်များကို ထိုင်းနိုင်ငံမှမှာယူတင်သွင်းခဲ့ပြီး စက်များကို
မိုင်တိုင် ၁၁/၂ မှ စတင်ကာ မိုင်တိုင် ၃၅၂/၇ တို့အကြား တပ်ဆင်အသုံးပြုသွားမည့်အပြင် မီးလောင်
မှုဖြစ်စဉ်များနှင့် ပတ်သက်၍ ခရီးသည်တင်ယာဉ်များနှင့်ကိုယ်ပိုင်ယာဉ်များတွင် မီးသတ်ဆေးဗူးများ
တပ်ဆင်ထားခြင်းရှိမရှိကိုလည်း စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။