တောအတွင်း လူသေအလောင်းတွေ့
လှည်းကူးမြို့နယ်၌ တောအုပ်အတွင်း၌ လူသေအလောင်း တစ်လောင်းအား မေလ ၁၁ ရက်နေ့
တွေ့ရှိခဲ့သည်။
စစ်ဆေးချက်များအရ သေဆုံးသူမှာ အသက် ၃၀ အရွယ်ခန့်အမျိုး သားတစ်ဦးဖြစ်ပြီး ရေသဖန်းပင်
ပေါ်တွင် ဂုန်နီလျှော်ကြိုးကိုး အသုံးပြုပြီး ဆွဲကြိုးချ သေဆုံးနေသည်ကို တွေ့ရသည်။
အလောင်းမှာ ပုတ်ပွနေပြီး လွန်ခဲ့သော တစ်လခန့်က သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့
ရသည်။
သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အမှုဖွင့်ထားသည်။
















