ညီအမချင်း ရန်ဖြစ်ရာမှ တစ်ဦးသေ

ညီအမချင်း ရန်ဖြစ်ရာမှ တစ်ဦးသေ

မှော်ဘီမြို့နယ်တွင် ညီအစ်မချင်း အမွေကိစ္စ စကားများရန်ဖြစ်ရာက တစ်ဦးသေဆုံးခဲ့မှု မေလ
၁၀ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ မွန်းလွဲပိုင်းက လိပ်ပုတ်ကျေးရွာအုပ်စု၊ ဆယ်အိမ်တန်းကျေးရွာရှိ နှင်းဆီခြံတွင် ခြံပိုင်ရှင်
ညီအစ်မနှစ်ဦး စကားများရန်ဖြစ်ကာ တုတ်၊ ဓားများဖြင့် ရိုက်ခုတ်ကြရာမှ အတူနေ ညီမဖြစ်သူ
မအေးသန္တာချော(ခ)မနယ်ရှီဘစ်က သစ်သားတုတ်ဖြင့် ရိုက်ကာ အရိုးအသွား တစ်ပေခွဲခန့်ရှိ
ဓားဖြင့်ခုတ်ခဲ့၍ ဒေါ်မယ်လေးချော ဒဏ်ရာများ ရရှိခဲ့သည်။

ဒဏ်ရာရရှိသူအား မှော်ဘီဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးခဲ့သဖြင့် မှော်ဘီမြို့မရဲစခန်းက
ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားသည်။