အရက်မူးပြီး လူသတ်မှုဖြစ်
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မေလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ဒဂုံဆိပ်ကမ်း မြို့နယ်နေ
သက်ဦးနှင့် စိန်ဝင်းရွှေတို့နှစ်ဦး အရက်သောက်ပြီးပြန်လာစဉ် စိန်ဝင်းရွှေ နေအိမ်အရောက် ၎င်း၏
ဇနီးဖြစ်သူနှင့် အရက်သောက်သည့်ကိစ္စ စကားများ ရန်ဖြစ်ခဲ့သည်။
သက်ဦးက ၀င်ရောက် ဟန့်တားခဲ့ရာ စိန်ဝင်းရွှေက လက်သီးဖြင့် ထိုးကြိတ်ကန်ကြောက်ခဲ့သော
ကြောင့် သက်ဦးက နေအိမ်ရှေ့တွင် တွေ့ရှိသည့်သစ်သားထင်းချောင်ဖြင့် ရိုက်ခဲ့ရာ စိန်ဝင်းရွှေတွင်
ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများရရှိ၍ သင်္ဃန်းကျွန် စံပြဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့သည်။
ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက အမှုဖွင့်ကာ အမှုဖြင့် တိမ်းရှောင်နေသည့် သက်ဦးကို
ခရမ်းရေထိန်းချောင်းတံခါးရှိ ပိန်းကန်သို့ သွားမည့် စက်လှေပေါ်တွင် တွေ့ရှိ ဖမ်းဆီးမိခဲ့သည်။
















