ယာဉ်တိုက်ရာမှ သစ်များ ဖမ်းမိ
မေလ ၁၈ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ရန်ကုန်ပြည်လမ်း တင့်ကားတပ်
အနီးတွင် ရန်ကုန်ဘက်သို့ မောင်းနှင် လာသည့် စူပါကာစတန်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ
တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိသွားပြီး တိုယိုတာကိုရိုလာယာဉ်ကို ၀င်ရောက်တိုက်မိကာ
မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
မိုင်တိုင်အမှတ် ၁/၅ အနီးတွင် စူပါကာစတန်ယာဉ်ကိုရပ်တန့်ထားပြီး ယာဉ်မောင်းပါ လေးဦးမှာ
ထွက်ပြေးသွားသဖြင့် စစ်ဆေးရာ အဆိုပါယာဉ်ပေါ်တွင် ကျွန်း တံခါးဆိုက်စုံ ၆၈၅ ချောင်း
ပါရှိကြောင်း တွေ့ရသဖြင့် သက်ဆိုင်ရာက သစ်တောဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးထားသည်။
















