တရုတ်လူမျိုးတစ်ဦး စက်ရုံ၌ စက်ညပ်သေဆုံးမှုဖြစ်ပွား
မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန် အတွင်းရှိ ကြက်အစာသွတ်စက်ရုံတွင် မေလ ၁၉ ရက်နေ့
မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က စက်ပြင်တရုတ်လူမျိုးတစ်ဦး စက်ညပ်ကာ မြောက်ဥက္ကလာပဆေးရုံ
သို့ ပို့ဆောင်စဉ်သေဆုံးသွားသည်။
သေဆုံးသူမှာ Mr.Jiang(or)YuQiang (၃၁နှစ်)ဖြစ်ပြီး ၀ဲနားပွန်းပဲ့၊ ယာနားအုံညိုမည်း ပွန်းပဲ့ကာ
သေဆုံးနေသည်ကို သိရပြီး စုံစမ်းချက်အရ စက်ရုံတွင် စက်ပြင်ပြီး စက်ကို စမ်းသပ်မောင်းနှင်စဉ်
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
















