ရွှေနားကွင်းကို လုယူရန်အကြံဖြင့် ကလေးငယ်ကို ဆိုင်ကယ်ဖြင့် တင်ဆောင်ခိုးယူ

ရွှေနားကွင်းကို လုယူရန်အကြံဖြင့် ကလေးငယ်ကို ဆိုင်ကယ်ဖြင့် တင်ဆောင်ခိုးယူ

ရွှေပြည်သာမြို့နယ်တွင် ကလေးငယ်ဝတ်ဆင်ထားသည့် ရွှေနားကွင်းကိုလုယူရန်အကြံဖြင့်
ကလေးငယ်ကိုဆိုင်ကယ်ဖြင့်တင်ဆောင်ခိုးယူခဲ့မှု မေလ ၂၄ ရက်နေ့ ကဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ရ နာရီ ရွှေပြည်သာမြို့နယ်နေ အမျိုးသမီးတစ်ဦးသည် နေအိမ်တွင်ရှိ နေစဉ်
အိမ်ရှေ့လမ်းပေါ်တွင်ဆော့ကစားနေသည့် အသက်၄ နှစ်ငါးလအရွယ် သမီးဖြစ်သူ ကို
မှော်ဘီမြို့နယ်နေ ၀ါးနက်ချောင်းကျေးရွာနေ ရန်ပိုင်(ခ)ပိုင်ကြီး(၃၂ နှစ်)နှင့် ရွှေပြည်သာမြို့နယ်
နေ ထွန်းလင်းကျော်(ခ)ကြက်ကုလား(၃၂ နှစ်)တို့က ဆိုင်ကယ်ဖြင့် တင်ဆောင်ခေါ်သွားခဲ့
ကြောင်းသမီးဖြင့် အတူဆော့ကစားနေသည့်ကလေးငယ်က လာရောက်ပြောပြသဖြင့် အုပ်ချုပ်
ရေးမှူးရုံးသို့အကြောင်းကြားရှာဖွေခဲ့သည်။

ည ၁၁ နာရီခွဲအချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်
ကလေး ခေါ်ယူသွားသူနှစ်ဦးကို ဖမ်းမိထားကြောင်း သတင်းအရ သွားရောက်သွားရောက်ခဲ့
သည်။

သမီးဖြစ်သူဝတ်ဆင်ထားသည့် ကျပ် ၃၅၀၀၀ တန်ဖိုးရှိ ရွှေနားကွင်းကို ခိုးယူရန် အကြံဖြင့်
ကလေးငယ်ကိုခေါ် ဆောင်ခဲ့ကြောင်း သိရသဖြင့်အရေးယူ ပေးရန် တိုင်ကြားခဲ့ သည်။
လှော်ကားနယ်မြေရဲစခန်းက(ပ)၁၃၇/၁၄ ပြစ်မှုပုဒ်မ ၃၆၉/၁၁၄ အရ အမှုဖွင့် အရေးယူ
ထားကြောင်းသိရသည်။