တရားမဝင်သစ်များ ဖမ်းမိ
တိုက်ကြီးမြို့နယ် သစ်တောအုပ်ကြီးနှင့်အဖွဲ့သည် မေလ ၂၅ ရက်နေ့ နံနက် ၅ နာရီ ၄၅ ခန့်တွင်
ရန်ကုန်ပြည်လမ်းမိုင်တိုင်အမှတ် ၄၅/၂ အနီး တိုက်ကြီးတိုးဂိတ်၌ ရန်ကုန်ဘက်သို့ အင်းစိန်မြို့နယ်
နေ အောင်စိုးမင်း(၃၀ နှစ်)၊မောင်းနှင်ပြီး မျိုးချစ်(၃၃ နှစ်)လိုက်ပါသည့် မာဇဒါ အငှားယာဉ်ကို
စစ်ဆေးခဲ့ရာ ယာဉ်အတွင်းမှ ကျွန်းခွဲသား ၂၈၃ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့သောကြောင့်
အရေးယူပေးရန်တိုင်ကြားခဲ့သည်။
တိုက်ကြီးမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားသည်။
















