ရန်ဖြစ်ရာမှ အရိုက်ခံရပြီး သေဆုံး

ရန်ဖြစ်ရာမှ အရိုက်ခံရပြီး သေဆုံး

ဒဂုံမြို့မြောက်ပိုင်းမြို့နယ်နေ ၂၇ ရပ်ကွက် ပင်လုံခုံးတံတား ဘုရင့်နောင်လမ်းနှင့် ရှုခင်းသာ
လမ်းထောင့်၌ မေလ ၂၃ ရက်နေ့ ည ၁၁ နာရီခန့်က ရှိုင်းထက်(၁၉ နှစ်)သည် သင်္ဃန်းကျွန်းမြို့နယ်
နေ ချစ်ကို (၂၀ နှစ်)၊ သက်ပိုင်(၂၀ နှစ်)၊ ရဲဝေယံ(ခ)စိုးသူ(၁၈ နှစ်)၊ မျိုးမင်းသန့်(ခ)ဇီးကွက်
(၁၈ နှစ်) နှင့်ကျော်ကျော်နိုင်(ခ)တရုတ်ကြီး (၁၉ နှစ်)တို့နှင့် ရည်းစားကိစ္စ စကားများရန်ဖြစ်စဉ်
၎င်းတို့က သံပိုက်လုံးဖြင့် ရိုက်လက်သီးနှင့် ထိုး ခြေဖြင့်ကန်ကျောက်ခဲ့သောကြောင့်
ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ထို့နောက် သင်္ဃန်းကျွန်းဆေးရုံသို့တင်ပို့ကုသစဉ် သေဆုံးသွားသဖြင့် ဒဂုံမြောက်ပိုင်း မြို့မရဲစခန်းက
အမှုဖွင့်အရေးယူထားသည်။