နေအိမ်မှ ဖယ်ရှားပေးရန် ငြင်းဆို

နေအိမ်မှ ဖယ်ရှားပေးရန် ငြင်းဆို

အရှေ့ပိုင်းခရိုင် တရားမဇာရီမှု အမှတ် (၁/၂၀၁၁) အမှုမှ မင်္ဂလာတောင်ညွန့်မြို့နယ် လမ်း ၉၀
အမှတ် ၂၀ ရှိ တိုက်ခန်းနှစ်ခန်းတွဲ နှစ်ထပ်အဆောက်အအုံ၏ မြေညီထပ်ခေါင်းရင်းခြမ်း တစ်ခန်းကို
လေလံဆွဲ ၀ယ်ယူသူတို့က လက်ရောက်ပေးအပ်နိုင်ရေးအတွက် တရာမကျင့်ထုံးဥပဒေအမိန့်(၂၁)
နည်းဥပဒေ(၉၅) အပ်ဝရမ်းဆောင်ရွက်ရန် ဧပြီလ ရ ရက်နေ့ နံနက် ၉ နာရီခန့်တွင်
မင်္ဂလာတောင် ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုဦးစီးမဈး၊ မြို့မရဲစခန်းမှူး
ကန်တော်ကလေး အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပါ၀င်သည့် အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့
သည်။

အဆိုပါတိုက်ခန်းတွင် နေထိုင်သည့် ဦးမေအောင်ပါ ရှစ်ဦးက မဖယ်ပေးနိုင်ကြောင်း၊ အင်အားသုံး
ပါက ပြန်လည်ခုခံမည်ဖြစ်ပြီး ရုန်းရင်းဆန်ခတ် ပြုလုပ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုကာ
အပ်ဝရန်း တာဝန်ထမ်းဆောင်ရွက်၍ မရအောင် ဟန့်တားနှောင့်ယှက်ခဲ့သဖြင့် မေလ ၂၆ ရက်နေ့
တွင် အရေးယူပေးရန်တိုင်ကြားခဲ့ရာ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။