ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်

ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်

လှိုင်သာယာမြို့နယ် အမှတ် ၂၀ ရပ်ကွက်ရှိ ကိုမြင့်ဆန်း စားသောက်ဆိုင်၌ ဇွန် ၂ ရက် မွန်းလွဲ
၂ နာရီခန့်တွင် အဆိုပါရပ်ကွက်နေ ရခိုင်(ခ)အောင်ကျော်သန်း (၄၀ နှစ်) နှင့် ငနီ(ခ)စန်းလှိုင်
(စိစစ်ဆဲ)၊ ၀င်းနိုင်ဦး (စိစစ်ဆဲ) တို့သုံးဦးနှင့် အရက်သောက်စားနေစဉ် သန်းလွင်(ခ)ငလွင်(၃၈ နှစ်)
ရောက်လာပြီး နံနက် ၁၀ နာရီခန့်က နာရေးအိမ်၌ မုန့်ဟင်းရေအိုးနှင့် တိုက်မိသည့်ကိစ္စနှင့်
ပတ်သက်၍ ရခိုင်(ခ)အောင်ကျော်သန်းက ပုလင်းဖြင့်ရိုက်မည်ပြုစဉ် ဆိုင်ရှင်ဖြစ်သူက
လူစုခွဲပေးခဲ့သည်။

သန်းလွင်(ခ)ငလွင်မှ ပြန်ထွက်လာစဉ် ရွှေလမင်းလမ်းပေါ် အရောက် ရခိုင်(ခ)အောင်ကျော်သန်း
နောက်မှ လိုက်လာပြီး အရိုးအသွား ၁၀ လက်မခန့်ရှိ ၀က်အူလှည့်ဖြင့်ထိုးသဖြင့် သန်းလွင်တွင်
ထိခိုက်ဒဏ်ရာများရရှိ လှိုင်သာယာ ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့သည်။

သောင်ကြီးနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားသည်။