ခိုးယူပေါင်းသင်းမှုဖြင့် အမှုဖွင့်

ခိုးယူပေါင်းသင်းမှုဖြင့် အမှုဖွင့်

ရွှေပြည်သာမြို့နယ်၌ မိဘအုပ်ထိန်းမှု အောက်ရှိ သမီးဖြစ်သူမှာ မေလ ၂၅ ရက်နေ့ ည ရ နာရီခန့်
တွင် နေအိမ်မှထွက်သွားခဲ့ပြီး ပြန်လာခြင်း မရှိသဖြင့် မိဘများက လိုက်လံရှာဖွေခဲ့ရာ
တစ်လမ်းတည်းနေ သန့်ဇင်ဦး(၂၀၊နှစ်)နှင့်အတူ စက်ဘီးဖြင့် ထွက်သွားကြောင်း သိခဲ့ရသည်။

မေလ ၃၀ ရက်နေ့ ညပိုင်းတွင် သန့်ဇင်ဦး အိမ်ပြန်လာသည်ကို သိရ၍ မေးမြန်းရာ သမီးဖြစ်သူကို
မင်္ဂလာဒုံမြို့နယ်ရှိ တည်းခိုခန်းတွင် ထားခဲ့ကြောင်း ပြောပြသိရသဖြင့် သွားရောက်ခေါ်ယူခဲ့သည်။

သမီးဖြစ်သူ ပြောပြချက်အရ သန့်ဇင်ဦးက ခေါ်ယူသွားခဲ့ပြီး သားမယာအဖြစ်ပြုမူ နေထိုင်ခဲ့ကြောင်း
ပြောပြသိရသဖြင့် မိဘအုပ်ထိန်းမှုအောက်ရှိ သမီးဖြစ်သူကို ခိုးယူပေါင်းသင်းခဲ့သူကို တိုင်ကြားခဲ့ရာ
လှော်ကားနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားသည်။