အမည်မသိလူတစ်ဦး သေဆုံးနေမှု စုံစမ်းနေ

အမည်မသိလူတစ်ဦး သေဆုံးနေမှု စုံစမ်းနေ

ရန်ကင်းမြို့နယ်၊ ၁၃ ရပ်ကွက်ရှိ၊ ဘုရားကျောင်းတစ်ခုအနီးတွင် ဇွန်လ ၃ ရက်နေ့ နံနက် ၂ နာရီခန့်
တွင် အမည်မသိအမျိုးသားတစ်ဦး သွေးထွက်ဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို
တွေ့ရသဖြင့် ရန်ကင်းရဲစခန်းမှူး နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဦးခေါင်း နောက်စေ့ပေါက်ပြဲဒဏ်ရာ၊
ဦးနှောက်ပေါက်ဒဏ်ရာများရရှိ သေဆုံးနေသည်ကို တွေ့ရပြီးအနီး၌ သွေးစွန်းနေသည့်
၀ါးဆစ်ပိတ်တုတ် တစ်ချောင်းနှင့် ကြေမွနေသည့် အုတ်ခဲ့ကျိုး တစ်ခုတို့ကို တွေ့ရှိရသဖြင့်
အရေးယူပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမဈးက တရားလိုပြုတိုင်ကြားခဲ့သည်။

ရန်ကင်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားသည်။