ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာကြားရှိ မိုင်တိုင်အမှတ် AA-၁၀၂
မီးပွိုင့်အမှတ် A-၉၅ တွင် မီးပွိုင့် မီးနီ၍ ရပ်နေသော စက်ခေါင်းအမှတ် RBE-၂၅၄၀ (အင်ကြင်း၂)
သီလဝါရန်ကုန် ရထား၏ နောက်တွဲကို မေလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်တွင် ရွာသာကြီး
ဘက်မှ ရန်ကုန်သို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DD-၉၁၈ (မင်းသား ရ) မြို့ပတ်ရထားမှ
တိုက်မိခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တိုက်မိမှုကြောင့်အင်ကြင်း ၂ ရထားပေါ်ပါ ခရီးသည် ကျား/သုံးဦး၊ မ/တစ်ဦး နှင့်
(မင်းသား ရ) မြို့ပတ်ရထားစက်ခေါင်းမောင်းသူတို့တွင် ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့၍
ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် ဆေးကုသမှုခံယူလျက်ရှိသည်။
အဆိုပါရထား(၂)စင်းတိုက်မိမှုကြောင့် ရထားတွဲများ လမ်းချော်သွားခဲ့ကြောင်း သိရသည်။
















