ရန်ကုန် တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှတပ်ဖွဲ့ဝင်များနှင့် ဒလပျော်ဘွယ်ကြီး
နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန်လ ၈ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် မူးယစ် ဆေးဝါး
သတင်းအရ တံတားချောင်းကျေးရွာရှိ ဂွကြီး (ခ)တင်အေး၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ
အိမ်ရှင်ဖြစ်သူ ဂွကြီး(ခ)တင်အေး(၄၄ နှစ်) နှင့် နေတိုး(ခ) ဇော်မင်းဦး (၂၃ နှစ်)တို့ကို
ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက်အပုံနှင့်အတူ ထုပ်ပိုးရန် ပြုလုပ်နေစဉ် တွေ့ရှိရပြီး
နေအိမ် နောက်ဖေးမှ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့သည်။
၎င်းတို့ထံမှ ဆေးခြောက်ဟု ယူဆရသော ထုပ်ပိုးပြီး အရွက်ခြောက် အထုပ်များနှင့်
အရွက်ခြောက်များ စုစုပေါင်းအလေးချိန် ၉ ဒသမ ၀၄၁၁၉ ကီလိုဂရမ်၊ ကာလတန်ဖိုး ၂၂ သိန်းခန့်၊
ထုပ်ပိုးရာတွင် အသုံးပြုသည့် ကတ်ကြေး၊ မီးခြစ်၊ ဂျာနယ် စက္ကူများ၊ ပလတ်စတစ်အိပ်များနှင့်
ငွေကျပ် ၈၇,၅၀၀ တို့ကို သိမ်းဆည်းရမိခဲ့သောကြောင့် ပျော်ဘွယ်ကြီးနယ်မြေ ရဲစခန်းမှ
မူးယစ်ပုဒ်မဖြင့် အမှုဖွင့် အရေးယူထားသည်။
















