လူကုန်ကူးသူအား အရေးယူ

လူကုန်ကူးသူအား အရေးယူ

တာချီလိတ်မြို့နယ် နေအသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးသည် ယခုနှစ် မေလအတွင်း
တာချီလိတ်မြို့နယ်နေ 'လ' နှစ်လုံးတိုက် ကေတီဗီ မန်နေဂျာ ကျော်သက်ထွေး(ခ)အချောင်
(၂၀ နှစ်)ထံသို့ သွားရောက် အလုပ်ရှာစဉ် ၎င်းက တရုတ်နိုင်ငံ ချင်မြို့ရှိ ကေတီဗီတွင် တစ်လလျှင်
တရုတ်ယွမ် ၃၀,၀၀၀ ရရှိမည်ဟု စည်းရုံးပြောဆိုခဲ့သည်ဟု ဆိုသည်။

ထိုသို့ပြောဆိုခဲ့သည်ကို တာချီလိတ်မြို့နယ်နေ သူငယ်ချင်း အမျိုးသမီး သုံးဦးကလည်း လုပ်ကိုင်
လိုကြောင်းပြောဆိုခဲ့သဖြင့် မေ ၂၉ ရက်တွင် ကျော်သက်ထွေး(ခ)အချောင်မှ ရန်ကုန် လှိုင်မြို့နယ်
ရှိ ဟိုတယ်တစ်ခုသို့ ခေါ်ဆောင်ကာ ခေတ္တတည်းခို ခိုင်းသဖြင့် ပြည်ပအလုပ်အကိုင်လိုင်စင်မရှိဘဲ
ပြည်ပသို့ပို့ဆောင်ရန် စီစဉ်သူအပေါ် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

လှိုင်မြို့မရဲစခန်းက ပြည်ပအလုပ်အကိုင်ဥပဒေဖြင့် အရေးယူထားသည်။