ရထားနှင့် ကားတိုက်မိ
ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်က စက်ခေါင်းအမှတ် ဒီဒီ ၉၃၃ သရက်(၅)
မြို့ပတ် ရထားသည် မင်္ဂလာဒုံမြို့နယ်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာစဉ် မြောက်ဥက္ကလာပ
မြို့နယ်၊ ရွှေဥမင်ဘုန်းကြီးကျောင်းရှေ့ ရထားလမ်းကူးအား ဖြတ်သန်းမောင်းနှင်လာသည့်
ယာဉ်မောင်း ကိုအောင်ကျော်ထွန်း မောင်းနှင်သော အငှားယာဉ်အား တိုက်မိခဲ့သည်။
ထိုသို့ တိုက်မိမှုကြောင့် ယာဉ်ပျက်စီးပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ မြောက်ဥက္ကလာပမြို့မ
ရဲစခန်းက အမှုဖွင့်ထားသည်။
















