ရန်ကုန် - ပုသိမ်လမ်းတွင် ယာဉ်တိမ်းမှောက်

ရန်ကုန် - ပုသိမ်လမ်းတွင် ယာဉ်တိမ်းမှောက်

ဇွန်လ ၈ ရက်နေ့ ည ၁၂ နာရီ ၄၅ အချိန်ခန့်က ရန်ကုန် - ပုသိမ်လမ်းအတိုင်း ပုသိမ်ဘက်သို့
မြောက်ဥက္ကလာပမြို့နယ်နေ ယာဉ်မောင်း ကိုသက် မောင်းနှင်လာသည့် နစ်ဆန်း ကိုယ်ပိုင်ယာဉ်
သည် ထန်းတပင်မြို့နယ်၊ ကြည်စုကျေးရွာအနီးမိုင်တိုင် ၁၂/၁ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ
လမ်း၏ ယာဘက်ဘေး ရေမြောင်းအတွင်းသို့ထိုး ကျတိမ်းမှောက်သွားခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူ ကိုဝင်းမြင့်သိန်းမှာ ခန္ဓာကိုယ်တွင် ပွန်းပဲ့၊ ပြတ်ရှဒဏ်ရာ
များရရှိကာ သေဆုံးသွားပြီး ယာဉ်ပေါ်ပါ ခရီးသည်ငါးဦးမှာ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ဖူးရောင်၊
ပေါက်ပြဲ၊ နာကျင်ဒဏ်ရာများ ရရှိခဲ့၍ လှိုင်သာယာဆေးရုံ၌ အတွင်းလူနာများအဖြစ် ဆေးကုသခဲ့
ရသောကြောင့် တက်သစ်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားသည်။