မေလအတွင်း ယာဉ်တိုက်မှုများကြောင့် ၃၄၈ ဦးသေဆုံး
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မေလအတွင်း ယာဉ်တိုက်မှု ၁,၂၆၀ ဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ
၂,၀၅၅ ဦးနှင့် သေဆုံးသူ ၃၄၈ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ယာဉ်တိုက်မှုများကြောင့် တစ်နိုင်ငံလုံးတွင် ဆုံးရှုံးမှုကျပ် ၃၉၄,၉၈၂,၈၃၀ ဖိုးခန့်ရှိခဲ့သည်ဟု
ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၂၅၆ မှု၊ ဒဏ်ရာရရှိသူ ၃၁၅ မှု၊ သေဆုံးသူ ၅၅ မှု၊
နေပြည်တော်တွင် ယာဉ်တိုက်မှု ၂၆ မှု၊ ဒဏ်ရာရရှိသူ ၃၇ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင်
ယာဉ်တိုက်မှု ၁၆၃ မှု၊ ဒဏ်ရာရရှိသူ ၂၆၈ ဦး၊ သေဆုံးသူ ၄၇ ဦး ရှိခဲ့သည်။
















