ယာဉ်ထိန်းရဲအား ဓားဖြင့်ခုတ်ကာ ဆိုင်ကယ် ပြန်လုသွားမှု ဖြစ်ပွား

ယာဉ်ထိန်းရဲအား ဓားဖြင့်ခုတ်ကာ ဆိုင်ကယ် ပြန်လုသွားမှု ဖြစ်ပွား

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် စည်းကမ်းမဲ့ ဆိုင်ကယ်များအား ဖမ်းဆီးအရေးယူနေစဉ်
နံပါတ်တပ်ဆင်ထားခြင်းမရှိသည့် ဆိုင်ကယ်ကို ဖမ်းဆီးစစ်ဆေး သိမ်းယူစဉ် ဆိုင်ကယ်စီးနင်းလာသူ
က ဓားဖြင့်ခုတ်ကာ ဆိုင်ကယ်အား ပြန်လည်လုယူသွားသည်။

ဆိုင်ကယ်မောင်းနင်းလာသူ ကိုအောင်(ခ)ပိုတက်ဆိုသူက ဓားဖြင့် ခုတ်ခဲ့သဖြင့် ရဲအုပ်နေလင်းထွန်း
၏ ၀ဲဘက်ချိုင်းကြား သုံးလက်မခန့်ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံ သို့တင်ပို့
ကုသခဲ့ရသည်။