ဒဂုံအရှေ့ပိုင်းမြို့နယ်နေ အမျိုးသား တစ်ဦးသည် ၎င်း၏ ၁၇ နှစ်အရွယ် သမီးဖြစ်သူမှာ
အလှပြင်သင်တန်း တက်ရောက်ရန် ဇွန်လ ရ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် သွားရောက်ခဲ့ရာ
ဖုန်းအဆက်အသွယ်မရသဖြင့် စုံစမ်းခဲ့သည်။
ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် သမီးဖြစ်သူ နေအိမ်သို့ ပြန်ရောက်လာ၍ ချော့မေးခဲ့ရာ
သူငယ်ချင်းဖြစ်သူအိမ်တွင် ညအိပ်ကြောင်းပြောဆိုခဲ့သည်။
သမီးဖြစ်သူကို စောင့်ကြည့်နေစဉ် ကျောပိုးအိတ်အတွင်းမှ အကယ်ဒမီဆေးရုံတွင် တက်ရောက်ခဲ့
သည့် ဆေးမှတ်တမ်းများကို တွေ့ရသဖြင့် မေးမြန်းခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်း ဘောလုံးသမား ကြည်လင်း(စိစစ်ဆဲ) ဆိုသူက ဇွန်လ ရ ရက်နေ့
ည ၈ နာရီခန့်တွင် မုန့်လိုက်ကျွေးမည်ဟု ပြောပြီး ကမာရွတ်မြို့နယ်အမှတ်(၂) ရပ်ကွက်ရှိ
ဗီးနပ်ဟိုတယ်သို့ ခေါ်ဆောင်ကာ သားမယားပြုကျင့်ခဲ့ရာ မိန်းမအင်္ဂါ ထိခိုက်ဒဏ်ရာ ရသဖြင့်
အကယ်ဒမီဆေးရုံ၌ တက်ရောက်ကုသရခြင်းဖြစ်ကြောင်း သမီးဖြစ်သူက ပြောပြသဖြင့်
အရေးယူပေးရန် တိုင်ကြားခဲ့သည်။
ကမာရွတ်မြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့် စုံစမ်းနေသည်။
















