ထိုင်းနိုင်ငံသားတစ်ဦး သေဆုံး

ထိုင်းနိုင်ငံသားတစ်ဦး သေဆုံး

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပ ထွက်ခွာဆောင်တွင် ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ
၁ နာရီ ၁၅ ခန့်တွင် ထိုင်းနိုင်ငံသား အသက် ၅၇ နှစ်ရှိ MR. SINTH SAROBOLမှာ ကျန်းမာရေး
မကောင်းသဖြင့် ပိုင်အိုးနီးယားခရီးသည် ၀န်ဆောင်မှုဆေးခန်းသို့ ပြသခဲ့ရာ အငှားယာဉ်ဖြင့်
၀ိတိုရိယဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံအရောက် သေဆုံးခဲ့သောကြောင့် ရန်ကုန်ဆေးရုံကြီးသို့
ပို့ဆောင်ခဲ့သည်။

မင်္ဂလာဒုံမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂၁/၁၄ ဖြင့် အမှုဖွင့် အရေးယူထားသည်။