ပန်းခြံတွင်း၌ အလောင်းတွေ့ရှိ

ပန်းခြံတွင်း၌ အလောင်းတွေ့ရှိ

ဇွန်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် မင်္ဂလာဒုံပန်းခြံတွင်းရှိ ၀ါးရုံပင် အောက်တွင်
အမျိုးသမီးအလောင်း တွေ့ရှိသည်ဟု သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အလောင်းမှာ အလွန်အမင်း ပုပ်ပွနေသဖြင့် အင်းစိန် ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး သေမှုသေခင်း
အမှတ်စဉ် (၂၀/၁၄) ဖြင့် စစ်ဆေးခဲ့သည်။

ဇွန်လ ၁၄ ရက်နေ့တွင် မှုခင်းဆရာဝန်ကြီး၏ စစ်ဆေးချက်အရ သေဆုံးသူမှာ တစ်စုံတစ်ယောက်
ပြုလုပ်ချက်ကြောင့် ဦးခေါင်းခွံကွဲ သေဆုံးခြင်းဖြစ်ကြောင်း ပြန်ကြားခဲ့သည်။

သေဆုံးသူကို သက်ဆိုင်ရာက အတည်ပြုချက်အရ မင်္ဂလာဒုံ ထောက်ကြန့်နေ အသက် ၃၂ နှစ်
အရွယ်ဖြစ်ပြီး သေဆုံးသူ ဖုန်းသို့ ဆက်သွယ်ထားသည့် မသင်္ကာသူကို သက်ဆိုင်ရာက စုံစမ်းခဲ့ရာ
၎င်းမှာ ဇွန်လ ၉ ရက်နေ့တွင် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

မင်္ဂလာဒုံ မြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားသည်။