ဘောလုံးကစားသမား ကြည်လင်းဆိုသူက အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို
သားမယားပြုကျင့်ခဲ့သည်ဟုဆိုကာ မိန်းကလေး၏ဖခင်က ဇွန်လ ၁၆ ရက်နေ့တွင် သက်ဆိုင်ရာ
သို့ တိုင်တန်းခဲ့သည်။
အဆိုပါမိန်းကလေးသည် ဇွန်လ ရ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် အလှပြင် သင်တန်း
တက်ရောက်ရန် လှည်းတန်းသို့သွား ရောက်ခဲ့သည်။ ထိုသို့သွားရောက်ခဲ့ရာက ဖုန်းအဆက်
အသွယ်မရဘဲပြန်မလာသဖြင့် စုံစမ်းခဲ့ရာ ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်တွင်
သမီးဖြစ်သူနေအိမ်သို့ပြန်ရောက်စဉ် ချော့မေးခဲ့ရာ သူငယ်ချင်းဖြစ်သူ အိမ်တွင်ညအိမ်ကြောင်း
ပြောဆိုခဲ့သည်။
ဒဂုံအရှေ့ပိုင်းမြို့နယ်နေ အသက် ၆၈ နှစ်အရွယ်အမျိုးသားတစ်ဦးမှ ဇွန်လ ၁၆ ရက်နေ့ ည ၁၀
နာရီ ၂၅ အချိန်ခန့်တွင် သက်ဆိုင်ရာသို့တိုင်ကြားခဲ့ရာဇွန်လ ရ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်
ခန့်အသက် ၁၇ နှစ်အရွယ် သမီးဖြစ်သူမှာ အလှပြင်သင်တန်းတက်ရောက်ရန် လှည်းတန်း သို့
သွား ရောက်ခဲ့သည်။
ထိုသို့သွားရောက်ခဲ့ရာက ဖုန်းအဆက်အသွယ်မရဘဲပြန်မလာသဖြင့် စုံစမ်းခဲ့ရာ ဇွန်လ ၉ ရက်နေ့
မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်တွင် သမီးဖြစ်သူနေအိမ်သို့ ပြန်ရောက် စဉ် ချော့မေးခဲ့ရာ သူငယ်ချင်း
ဖြစ်သူ အိမ်တွင် ညအိမ်ကြောင်းပြောဆိုခဲ့သည်။
သမီးဖြစ်သူကိုစောင့်ကြည့်နေစဉ် ကျောပိုးအိတ်အတွင်းမှ ဆေးရုံတစ်ရုံတွင် တက်ရောက်ခဲ့ သည့် ဆေးမှတ်တမ်းများကိုတွေ့ရသဖြင့်မေးမြန်းခဲ့ရာ ဘောလုံးကစားသည့် ကြည်လင်း(စီစစ်ဆဲ)
မှ ဇွန်လ ရ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ကမာရွတ်မြို့နယ်အမှတ် (၂) ရပ်ကွက်ရှိ ဟိုတယ်
တစ်ခုသို့ မုန့်လိုက်ကြွွေး မည်ဟုပြောဆိုခေါ်ဆောင်ကာ သားမယားပြုကျင့်ခဲ့ကြောင်း ဆိုသည်။
မိန်းမအင်္ဂါထိခိုက်ဒဏ်ရာရရသဖြင့် ဆေးရုံတစ်ရုံတွင် တက်ရောက်ကုသရခြင်း ဖြစ်ကြောင်းပြောပြ
သိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ ကမာရွတ်မြို့မရဲစခန်းက(ပ) ၂၆၆/၁၄ ပြစ်မှုပုဒ်မ
၃၇၆ အရ အမှုဖွင့်ထားသည်။

















