တရားမဝင် ကျွန်းသစ်ဆင်ရုပ်များ ဖမ်းဆီးရမိ

တရားမဝင် ကျွန်းသစ်ဆင်ရုပ်များ ဖမ်းဆီးရမိ

တိုက်ကြီးမြို့နယ် သစ်တောအုပ်ကြီး ဦးအောင်မြ နှင့်အဖွဲ့သည် ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီ
၂၀ ခန့်တွင် ကျွန်းသစ်များတရားမဝင် သယ်ဆောင်လာကြောင်း သတင်းအရ ကျွန်းချောင်းကျေးရွာ
အနီး ရန်ကုန်-ပြည်လမ်း မိုင်တိုင်အမှတ် (၆၀/၂၀) အနီးတွင် ပြည်ဘက်မှ မောင်းနှင်လာသည့်
တိုရိုယိုလိုက်ထရပ် အဖြူရောင်ယာဉ်ကို စစ်ဆေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြိုနယ် မျိုးနိုင်(၃၆ နှစ်) နှင့်ဖိုးကို(၃၄ နှစ်)တို့ နှစ်ဦးကိုတွေ့ရပြီး
ယာဉ်ပေါ်တွင် ပန်းပု (ဆင်ရုပ်)ဆိုက်စုံ ၂၀ ရုပ်တို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သောကြောင့်
အရေးယူပေးရန်တိုင်ကြားခဲ့သည်။

တိုက်ကြီးမြို့မရဲစခန်းက ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဆိုင်ရာဥပဒပုဒ်မ ၆(၁) အရ
အမှုဖွင့်ထားသည်။