ဦးလေးဖြစ်သူက အလိုမတူပဲ သားမယားပြုကျင့်
ဒလမြို့နယ်နေ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးက သက်ဆိုင်ရာသို့ ဇွန်လ ၂၂ ရက်နေ့ ညနေ
၆ နာရီခွဲခန့်တွင် တိုင်ကြားခဲ့ရာ ယမန်နှစ် စက်တင်ဘာလအတွင်းက ဖခင်ဖြစ်သူ၏ ညီဖြစ်သူ
စန်းဝင်း (၅၅ နှစ်)မှ နေစရာအိမ်မရှိသဖြင့် နေအိမ်တွင်လိုက်နေရန် လက်ခံခေါ်ယူခဲ့သည်။
ယခုနှစ် ဇန်နဝါရီလတွင်းက ဖခင်မရှိခိုက် ဦးလေးဖြစ်သူက အိပ်ခန်းအတွင်း သားမယားပြုကျင့်ခဲ့
ကြောင်း မိဘများကိုပြန်ပြောပါက သတ်ပစ်မည်ဟုပြောပြ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း
ကိုယ်ဝန် ငါးလခန့် ရရှိချိန်တွင် မိဘများ မေးမြန်းသဖြင့် မေးမြန်းစဉ် စန်းဝင်းမှ သားမယားအဖြစ်
အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ဒလမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားသည်။
















