ကိုယ့်လည်ပင်းကို ဓားဖြင့်လှီး၍ သေကြောင်းကြံစည်
လှိုင်မြို့နယ် မာလာမြိုင်(၈) လမ်းတွင် ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က လူတစ်ဦး
ကိုယ့်ကိုယ်ကိုယ် လည်ပင်းဓားဖြင့် လှီးကာသေကြောင်း ကြံစည်မှု ဖြစ်ပွားကြောင်း သတင်းအရ
သွားရောက်စစ်ဆေးခဲ့သည်။
စုံစမ်းချက်အရ သေကြောင်းကြံစည်သူမှာ ပဲခူးတိုင်းဒေသကြီးနေ ဦးသိန်းမောင် (၆၀ နှစ်)ဖြစ်ပြီး
အသဲရောဂါပြသရန် ဇွန်လ ၁၅ ရက်နေ့က ယောက်ဖဖြစ်သူ နေအိမ်သို့ ရောက်ရှိနေသူဖြစ်ကြောင်း၊
အဆိုပါနေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် နေအိမ် အပေါ်ထပ်ထိုင်ခုံတွင် ငုတ်တုတ်ထိုင်ပြီး
မိမိကိုယ်မိမိ ကြက်သွန်လှီးဓားဖြင့် လည်ပင်ကိုးလှီးဖြတ်ထားသည်ကို တူမ ဖြစ်သူက တွေ့ရှိသဖြင့်
ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရကြောင်းသိရဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။
လှိုင်မြို့မရဲစခန်း က ပြစ်မှုပုဒ်မ ၃၀၉အရ အမှုဖွင့်အရေးယူထားသည်။
















