သားမယားပြုကျင့်ရန် ကြံစဉ်မှုဖြစ်ပွား

သားမယားပြုကျင့်ရန် ကြံစဉ်မှုဖြစ်ပွား

မှော်ဘီမြို့နယ်နေ အသက် ၁၇ နှစ်အရွယ်အမျိုးသမီးက သက်ဆိုင်ရာသို့ ဇွန် ၃၀ ရက်နေ့ ညနေ
၄ နာရီ ၁၅ မိနစ်ခန့်၌ တိုင်ကြားရာတွင် ယမန်နေ့ နေလယ် ၂ နာရီခန့်က ခင်ပွန်းဖြစ်သူ
အလုပ်လုပ်ကိုင်နေသည့် နေရာသို့လိုက်သွားခဲ့ရာ လက်ပံဝဲကျေးရွာအရောက် တစ်ရွာတည်းနေ
နန်းဝင်းအောင် (၂၈ နှစ်)နှင့်တွေ့ရှိသဖြင့် ခင်ပွန်းရှိရာသို့ လိုက်ပို့ခိုင်းခဲ့သည်။

ကုန်းကလေးကျေးရွာနှင့် လက်ပံဝဲကျေးရွာကြား လယ်ကွင်းထဲရှိ ရေကန်တစ်ကန်အရောက်
နန်းဝင်းအောင်က ရေကူးသင်ပေးမည်ဟု ပြောဆိုကာ ရေကန်ထဲသို့ ခုန်ဆင်းသွားခဲ့ပြီး
ခေတ္တအကြာ ကုန်းပေါ်သို့ ပြန်တက်လာကာ ၎င်းကို ရေထဲသို့ ဆွဲချပြီး စကတ်နှင့် ဘောင်းဘီကို
ဆွဲချွတ်ကာ သားမယားပြုကျင့်ရန် ကြံစည်ခဲ့သဖြင့် မှော်ဘီမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၇၆/၅၁၁
အရ အမှုဖွင့်ထားသည်။