ရန်ကုန်မြို့လယ်တွင် လုယက်မှုဖြစ်
ဒလမြို့နယ်နေ အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသား တစ်ဦးသည် ဇွန် ၃၀ ရက်နေ့
ည ၈ နာရီခွဲခန့်တွင် ပန်းဘဲတန်းမြို့နယ် ၂၈ လမ်းရှိ ကျူရှင်မှ နေအိမ်သို့ ပြန်လာစဉ် ကမ်းနားလမ်း
အရောက် လမ်းဖြတ်ကူးလာသူ လူသုံးဦးအနက် အသက်၂၅ နှစ်အရွယ် လူငယ်က
၀တ်ဆင်ထားသည့် ဂျာကင်ကို ကုပ်မှဆွဲပြီး ၀ဲဘက်ပါးကိုရိုက်ကာ ကျန်တစ်ဦးက ဓားဖြင့်
ထောက်ခဲ့သည်ဟုဆိုသည်။
ထို့နောက် ပိုက်ဆံအိတ် ဖွင့်ခိုင်းသဖြင့် ဖွင့်ပြစဉ် ပိုက်ဆံအိတ်အတွင်း ပိုက်ဆံမပါသဖြင့်
၀ဲဘက်အိတ်ကပ်အတွင်းမှ ဟွာဝေးအမျိုးအစား လက်ကိုင်ဖုန်းကို လုယူကာ ၎င်းကို ဓားနှောင့်နှင့်
ရိုက်၍ လဲကျသွားစဉ် ထွက်ပြေးခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။
ပန်းဘဲတန်းမြို့မရဲစခန်းက အမှုဖွင့်ထားသည်။
















