အမျိုးသမီးတစ်ဦး အဆိပ်သောက်သေဆုံး
ခရမ်းမြို့နယ်၊ ကမာမတ်ကျေးရွာတွင် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အမျိုးသမီးတစ်ဦး
အဆိပ်သောက် သေဆုံးကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့သည်။
သေဆုံးသူမှာ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ
သေဆုံးနေသည်ကို တွေ့ရသဖြင့် စုံစမ်းရာ ခင်ပွန်းဖြစ်သူနှင့် ရန်ဖြစ်ကာ ဗျိုင်းထောင်ရန်
ထားရှိသည့် ပေါ်တက်အဆိပ်သောက်၍ သေဆုံးခဲ့ခြင်းဟုဆိုသည်။
















