မီးရထားကို ပါရမီယာဉ် ၀င်တိုက်မိ

မီးရထားကို ပါရမီယာဉ် ၀င်တိုက်မိ

ဇွန်လ ၂၈ ရက်နေ့က မရမ်းကုန်းမြို့နယ် ဂန္ဓမာလမ်းမီးရထား သံလမ်းကူးတွင် မြို့ပတ်ရထား
ဒီဒီ ၉၃၈ ရထားနံပါတ် သ/၅ သည် မြောက်မှတောင်သို့ ဖြတ်သန်းမောင်းနှင်လာစဉ် ဒဂုံမြို့သစ်
တောင်ပိုင်းမြို့နယ်နေ ယာဉ်မောင်း မျိုးမင်းထွန်း(၂၂ နှစ်) လိုင်စင်မရှိ မောင်းနှင်လာသည့်
ပါရမီ(အနီ)ခရီးသည်တင်ယာဉ်က လမ်းပြောင်းပြန်မောင်းနှင်ကာ မီးရထားသံလမ်းကို
ဖြတ်ဝင်ခဲ့သည်။

ထို့သို့ပြုလုပ်ခဲ့သဖြင့် မီးရထားစက်ခေါင်းနှင့် ယာဉ်ဝဲဘက်နောက်စွန်းတို့ ပွတ်တိုက်မိခဲ့သော
ကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

မရမ်းကုန်းမြို့မရဲစခန်းက မီးရထား ဥပဒေပုဒ်မ ၁၂၉ အရ အမှုဖွင့် အရေးယူထားသည်။