သန္ဓေသားအလောင်း အမှိုက်ပုံတွင် စွန့်ပစ်ထား
ရန်ကင်းမြို့နယ် စာတိုက်မှတ်တိုင်အနီး တင်းနစ်ကစားကွင်းဘေး အမှိုက်ပုံတွင် ဇူလိုင်လ
၁၃ ရက်နေ့ သန်းခေါင်းကျော် ၁၂ နာရီ ၅ မိနစ်ခန့်က သန္ဓေသားအလောင်း စွန့်ပစ်ထားကြောင်း
သတင်းအရ ရန်ကင်းရဲခစန်းမှ သွားရောက်စစ်ဆေးခဲ့သည်။
သန္ဓေသားမှာ ကျား/မ ခွဲမရ သေဆုံးနေသည်ကိုတွေ့ရပြီး အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့
ပို့အပ်ခဲ့ကာ ပြစ်မှုပုဒ်မ ၃၁၈ အရ အမှုဖွင့်အရေးယူထားသည်။
















