ယာဉ်မောင်းလိုင်စင်အတု ဖမ်းဆီးအရေးယူ
ဇူလိုင်လ ၁၂ ရက်နေ့ ည ရ နာရီခွဲအချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ် သုဓမ္ဓာလမ်းအတိုင်း
တာမွေမြို့နယ်နေ ယာဉ်မောင်း ရဲထွဋ်ဆွေ (၄၀ နှစ်) မောင်းနှင်သည့် ဟွန်ဒါဖစ်မော်တော်ယာဉ်ကို
ယာဉ်စည်းကမ်းထိန်းသိမ်းရေး ပူးပေါင်းအဖွဲ့ (၁)က အဝိုင်းကြီးကားမှတ်တိုင်အနီး
တွေ့ရှိစစ်ဆေးခဲ့သည်။
ယာဉ်မောင်း လိုင်စင်မှာ ကညနက ထုတ်ပေးသည့် လိုင်စင်မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
မြောက်ဥက္ကလာပမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၄၂၀/၄၆၈ အရ အမှုဖွင့် အရေးယူထားသည်။
















