လုပ်ငန်းခွင်တွင် မတော်တဆ ဖြစ်ကာသေဆုံး
ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ရ နာရီခန့်တွင် ကျောက်တန်းမြို့နယ် သီတာမြိုင်ရပ်ကွက်
သင်္ဘောစက်ရုံဝင်းအတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ အလုပ်သမားဖြစ်သူ
ဧရာဝတီတိုင်းဒေသကြီးနေ ဝေလင်းထွန်း (၁၈ နှစ်)သည် ဘိလပ်မြေဖျော်စက်အတွင်းရှိ
စက်ဒလက်များတွင် ဘိလပ်မြေများကပ်နေသဖြင့် ခြစ်ထုတ်နေစဉ် ရုတ်တရက် စက်ဒလက်
လည်ပတ်မှုကြောင့် ဒလက်ညပ်ကာ ၀မ်းဗိုက်ပွင့်အူထွက် သေဆုံးခဲ့သည်။
စက်ဒလက်ဖွင့်သူ တရုတ်နိုင်ငံသား မစ္စတာ ဟန်လင်းဆန်း(၄၄ နှစ်)ကို ကျောက်တန်းမြို့မ
ရဲစခန်းက ပြစ်မှုပုဒ်မ ၃၀၄ အရ အမှုဖွင့်အရေးယူထားသည်။
















