ကျေးရွာ NLD ဒုဥက္ကဋ္ဌ အသတ်ခံရမှု ဆန္ဒဖော်ထုတ်ရန် စီစဉ်
ဇွန်လ ၄ ရက်နေ့က ရှမ်းပြည်နယ်တောင် ပိုင်း ဟိုပုံးမြို့ မိုင်းပြင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော
ကျေးရွာ အင်န်အယ်လ်ဒီ ဒုဥက္ကဋ္ဌ ဦးစိုင်းစံထွန်း သေဆုံးမှုနှင့် ပတ်သက်၍ အမှုအမှန်ပေါ်ပေါက်ရေး
အတွက် ဇူလိုင်လကုန်၌ ဆန္ဒဖော်ထုတ်သွားမည်ဟု တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌ ကိုတင်မောင်တိုးက ပြောသည်။
သေဆုံးသူ ဦးစိုင်းစံထွန်းကို ဟိုပုံးမြို့မရဲစခန်းက လုပ်ကြံမှုဖြင့် သေဆုံးမှုဟု ယူဆထားကာ
တရားခံမှာလည်း ထွက်ပြေးနေသည်။
















