ရန်ကင်း၌ လူသတ်မှုကျူးလွန်သူကို တရားရုံးက သေဒဏ်ချမှတ်

ရန်ကင်း၌ လူသတ်မှုကျူးလွန်သူကို တရားရုံးက သေဒဏ်ချမှတ်

ရန်ကင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုကို ကျူးလွန်သူ ချစ်ပို(ခ)ဝေယံဖြိုးကို
အရှေ့ ပိုင်းခရိုင်တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၁) (ခ) အရ ဇူလိုင်လ ၂၂ ရက်နေ့တွင်
သေဒဏ်ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ ည ၉ နာရီ အချိန်ခန့်တွင် ရန်ကင်းမြို့နယ် ၁၂ ရပ်ကွက်
၀ါးတံတားပေါ်တွင် မင်းမင်းဦးကို ဓားနှင့် ခုတ်သတ်မှုဖြင့် ၎င်းကို ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ခရိုင်တရားရုံးက ပြစ်မှုပုဒ်မ ၃၀၂ (၁) (ခ) အရ စွဲချက်တင်ပြီးနောက် ချစ်ပို(ခ)ဝေယံဖြိုး ကို
လူသတ်မှုကျူးလွန်ခဲ့ခြင်းအတွက် အပြစ်ရှိမရှိ သုံးကြိမ်မေးမြန်းခဲ့ရာ စွဲချက်တင်ခံရ သူက
မငြင်းတော့ပါဘူးဟု ဖြေကြားခဲ့သလို ဇွန်လ ၃၀ ရက်နေ့ကလည်း ချစ်ပို(ခ)ဝေယံဖြိုး က
'မိမိ လူသတ်မိခဲ့သော်လည်း သေစေလိုသည့် ရည်ရွယ်ချက်ဖြင့် ကျူးလွန်ခဲ့ခြင်းမဟုတ်ဘဲ
လက်လွန်သွားခြင်းသာဖြစ်ကြောင်း' ထွက်ဆိုခဲ့သည်။