ကြားဖြတ်အစိုးရဖွဲ့စည်း သတင်းရေးသား ဖော်ပြထုတ်ဝေခဲ့သည်ဟုဆိုကာ အရေးပေါ်စီမံမှု
အက်ဥပေဒပုဒ်မ ၅(ဃ)/(ည) ဖြင့် အမှုဖွင့်ခံထားရသည့် ဘိုင်မွန်းတည့်နေ သတင်းဂျာနယ်မှ
အယ်ဒီတာသုံးဦးနှင့် အမ်ဒီစီအက်ဖ်မှ ဦးနောင်နောင်တို့ကို ဇူလိုင်လ ၂၂ ရက်နေ့တွင် ရုံးထုတ်ခဲ့ပြီး
ဆက်လက်စစ်ဆေးရန် ဩဂုတ်လ ၄ ရက်နေ့သို့ ချိန်းဆိုထားသည်။
ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် တာဝန်ခံ အယ်ဒီတာ
ကိုအောင်သန့်(ခ)နိုင်စိုင်းအောင် (ခ)သူရအောင်၊ အယ်ဒီတာ ၀င်းတင်နှင့်အယ်ဒီတာ ရဲမင်းအောင်
တို့သုံးဦးနှင့် အမ်ဒီစီအက်ဖ်မှ ဦးနောင်နောင်တို့ကို ရုံးထုတ်ခဲ့ပြီး ရုံးထုတ်ချိန်မိနစ် ၂၀ ခန့်သာ
ကြာမြင့်ခဲ့သည်။
သတင်းရေးသားသူ ကျော်ဇောဟိန်း(ခ)မင်းဝဿန်ကို စမ်းချောင်းရဲစခန်းတွင် ချုပ်နှောင်ထားပြီး
ချုပ်ရမန်ပြည့်သည့် ဇူလိုင်လ ၂၃ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးခဲ့ပြီး ဩဂုတ်လ ၄ ရက်နှင့်
၅ ရက်နေ့များတွင် ထပ်မံစစ်ဆေးမည်ဖြစ်သည်။
















